သတင်းများ

ပြည်သူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Nov 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများနေပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဧည့်စာရင်း စစ်ဆေးခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယမန်နေ့ည ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးသူငယ် အခွင့်အရေးဆိုင်ရာများကို ဆောင်ရွက်ပေးနိုင်ရေး ဖြူးမြို့နယ်၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံကဗျာရေးဖွဲ့နည်းသင်တန်းဖွင့်လှစ်
Nov 10,2022
ပေါက်ခေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အခြေခံကဗျာရေးဖွဲ့နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး မြောင်းမြပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်သည် မြောင်းမြပညာရေးဒီဂရီကောလိပ် ပညာသီရိခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စု တောင်သူများအား ဆောင်းသီးနှံချေးငွေများ ထုတ်ချေးပေး
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းသီနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နံနက် ၁၀ နာရီက ထုတ်ချေးပေးလျက်ရှိ‌ကြောင်း သိရသည်။
အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ကံကြီးဘအေးကျေးရွာ၌ ပေါ်ဆန်းရင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ဆောင်ရွက်
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ကံကြီးဘအေးကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာမှ Rs to Cs စီးပွားဖြစ်မျိုးသန့်မျိုးပွား မျိုးစေ့ထုတ်စိုက်ခင်း ပေါ်ဆန်းရင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို တောင်သူ ဦးထွန်းနိုင်ဝင်း၏ လယ်မြေ၊ ကွင်းအမှတ်(၉၁၁) ဘအေးကုန်းကွင်း၊ ဦးပိုင်အမှတ် ၁၀/၂ ၊ စိုက်ဧက ၈ ဧကတွင် ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ရိတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ အောင်သင်းရေးသားသည့် နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍( Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန်ရည်ရွယ်၍ စာရေးဆရာ အောင်သင်းရေးသားသည့် နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါစာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။