စာပေချစ်မြတ်နိုးသူများထံသို့ လက်ဝယ်အရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်း ဆောင်ရွက်
Nov 10,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူ ပြည်သူများသို့ စာအုပ်စာစောင်ကို အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ သွားရောက်ပြီး အခမဲ့ ငှားရမ်းပေးကြသည်။