ကရသူရိမြို့တွင် ကွမ်းသီးခြံပိုင်ရှင်များ ဈေကောင်းရရှိရန်မျှော်မှန်း
Nov 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံများသည် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းကို ပြုလုပ်လျက်ရှိရာ ယခုလ ပထမအပတ်မှစပြီး ကွမ်းသီးဈေးနှုန်း တစ်ဟုန်းထိုးကျဆင်းလာ၍ ဈေးကောင်းပြန်လည်ရရှိရန် ကွမ်းခြံပိုင်ရှင်များ မျှော်မှန်းလျက်ရှိသည်။