မိုးနဲ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံ ပညာမူလတန်းကျောင်း (နာဟောင်)၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စန္ဒာအောင်က အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ /သမိုင်းကြောင်းကိုလည်းကောင်း၊ ရုပ်/သံ ကျွမ်းကျင်-၃ ဒေါ်နန်းဆိုင်မိုင်က အမျိုးသားနေ့တို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာ ပေးဟောပြောခဲ့ကြသည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကဗျာ၊ ဆောင်ပုဒ်၊ ကာတွန်းနှင့် သုတ စာအုပ်များကို ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား/သူလေးများက မိမိတို့နှစ်သက်ရာ စာအုပ်များကို ငှားရမ်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)