မြောက်ဦးခရိုင်လူထုအခြေပြုဗဟိုဌာန ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲအထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တုရင်ပြိုင်ပွဲ ကျင်းပ

မြောက်ဦး နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင်စစ်တုရင်ပြိုင်ပွဲကို ယနေ့နေ့လယ်(၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်းက စစ်တုရင်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီးပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ စစ်တုရင်ပြိုင်ပွဲကို အလယ်တန်းအဆင့် ကျောင်းသား ၁၀ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားပြီး စစ်တုရင်ကစားနည်းသည် လူငယ်များ၏ စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်း ကို အထောက်အကူပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်သည်။ ထိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းသည် စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေးခြင်းဖြစ်၍  ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင်စိုး (ပြန်/ဆက်)