ပုသိမ်ကြီး နို၀င်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်က ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ကလေးလူငယ်ဘ၀ ကာယဉာဏဖွံ့ဖြိုးရေးပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးက ပြိုင်ပွဲ၏စည်းကမ်းချက်များ၊ အမှတ်ပေးစည်းမျဥ်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဘောလုံးများအရောင်ရွေးချယ်ခြင်းပြိုင်ပွဲနှင့် ကာယဖွံ့ဖြိုးရေးအထောက်အကူပြု အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲများသို့ ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ စာကြည့်တိုက်အသုံးပြုသူ စာဖတ်ပရိသတ်များ၏ ကလေးသူငယ်များ ၀င်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများကလေးငယ် များအသိ ပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရေးတို့ကို ရည်ရွယ်၍ လစဉ်ကျင်းပပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)