သတင်းများ

မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင်
တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် စာစစ်ဌာနများတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးဆောင်ရွက်
Mar 02,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် တပေါင်းလပြည့်နေ့ အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်
Mar 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်သံသရာအေး ဂေါပကအဖွဲ့တို့ပူးပေါင်း၍ တပေါင်းလပြည့်နေ့ (မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့)  အကြောင်း သိကောင်းစရာ အသိပညာပေးTalk Show ဆွေးနွေးပွဲ ယမန်နေ့ နံနက် ၁၁နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းစတင်ဖွင့်လှစ်
Mar 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင် စေရန်၊ ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန်ထက်မြက်၍ အရည်အသွေးပြည့်ဝသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံ အားကစားသင်တန်းကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လေ့ကျင့် ပေးခဲ့ကြောင်း သိရသည်။
ပန်း​တောင်းမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်
Mar 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစား ထူးချွန်သော လူငယ်များ ပေါ်ထွက်လာစေရေး၊ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက် များတွင် ဝါသနာပါရာကို လေ့လာနိုင်ရန်၊ အခြားမလိုလားအပ်သော လမ်းကြောင်း များ၊ ဦးတည်ချက်များဖြင့် မှားယွင်းမှုများမဖြစ်ပေါ် စေရေး စသည့်ရည်ရွယ်ချက်များဖြင့် ပန်းတောင်းမြို့နယ် ပြည်သူ့အားကစားကွင်းနေရာ၌ နွေရာသီအခြေခံ အားကစားသင်တန်း များ ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ နွေရာသီ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရေစုကန်များအား ရေဖြည့်တင်းခြင်းနှင့် ရေတင်စက်များ ကြံ့ခိုင်ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်
Mar 02,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း ပွင့်လင်းရာသီကာလ မီးဘေး အန္တရာယ်ကြုံတွေ့လာပါက လွယ်လင့်တကူ ရေယူအသုံးပြုနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့၊ သက်တော် ရှည်ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြေအောက်ရေစုကန်နှင့် စင်မြင့် ဖိုက်ဘာရေလှောင်ကန်များအား ဆေးကြောသန့်စင်၍ ရေဖြည့်တင်းခြင်းနှင့် ရေတင်စက်များ ကြံ့ခိုင်ကောင်းမွန်စေရေး ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စံကွက်ရိတ်သိမ်းပွဲကျင်းပ
Mar 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သရက်လိန်အုပ်စု၊ သရက်လိန် ကျေးရွာတွင် မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီမှ ဆီထွက်သီးနှံ(နေကြာ)စံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်က ကျင်းပခဲ့ သည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်
Mar 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သုခမိန်ဘော်ဒါဆောင်တို့ ပူးပေါင်း၍ အနာဂတ် မျိုးဆက်သစ်လူငယ် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ် ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ “လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။