မိုးနဲ မတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် (Booster Dose) ထိုးနှံရန်ကျန်ရှိသော ဌာနဆိုင်ရာများနှင့် ပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ၊ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ဌာနများမှ မီးဘေး၊ လေဘေးနှင့်ရုံးသန့်ရှင်းရေး လုပ်ငန်းများကို ကြိုတင် ဆောင်ရွက်ထားစေလိုကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ တပေါင်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ အပတ်စဉ် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြရန် စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသော ဌာနဆိုင်ရာများ ၊ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများက သက်ဆိုင်ရာလုပ်ငန်းအလိုက် တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက လုပ်ငန်း လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)