ပန်းတောင်း မတ် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစား ထူးချွန်သော လူငယ်များ ပေါ်ထွက်လာစေရေး၊ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက် များတွင် ဝါသနာပါရာကို လေ့လာနိုင်ရန်၊ အခြားမလိုလားအပ်သော လမ်းကြောင်း များ၊ ဦးတည်ချက်များဖြင့် မှားယွင်းမှုများမဖြစ်ပေါ်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် ပန်းတောင်းမြို့နယ် ပြည်သူ့အားကစားကွင်းနေရာ၌ နွေရာသီအခြေခံ အားကစားသင်တန်း များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ အေရိုးဗစ်၊ ပိုက်ကျော်ခြင်း အားကစားနည်းများကို စတင် သင်ကြားပေးလျက်ရှိပြီး သင်တန်းတက်ရောက်လိုသော လူငယ်များအနေဖြင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်အားကစားကွင်းတွင် လာရောက်သင်ကြားနိုင်ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)