သတင်းများ

အခြေခံပညာအထက်တန်းကျောင်း၌ (Grate-9) ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများအား စက်မှုစိုက်ပျိုးရေး မွေးမြူရေးပညာရပ်များ ဆက်လက်သင်ယူနိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 02,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် စက်မှုစိုက်ပျိုးရေး မွေးမြူရေးပညာရပ်များ ဆက်လက်သင်ယူလေ့လာနိုင်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်၌ ကျင်းပခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးဧက (၆၀၀၀) အတွက် သွင်းအားစုမြေဩဇာများ ပေးအပ်ပွဲကျင်းပ
Mar 02,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါး စီမံကိန်းအတွင် ပါဝင်သော တောင်သူများအား သွင်းအားစုမြေဩဇာများ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းလမ်းညွှန်သြဝါဒခံယူခြင်း အခမ်းအနားကျင်းပ
Mar 02,2023
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းလမ်းညွှန်သြဝါဒခံယူခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဟေဝန်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် မေးခွန်းထုတ်ဝေပေးရာတွင် ကြီးကြပ်မည့် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့် ပညာရေးမှူးများ၊ စာစစ်ဌာနအလိုက် တာဝန်ထမ်းဆောင်ကြမည့် ကြီးကြပ်ရေးမှူး များနှင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရုံးလုပ်ငန်းတာဝန် များကို ထမ်းဆောင်ကြမည့် ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြော
Mar 02,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ (၃)နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့တွင် တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်ချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Mar 02,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် (၁၀) နာရီအချိန်က တောင်တွင်းကြီးမြို့ပေါ် (၁၀)ရပ်ကွက်နှင့် မြို့မဈေး အတွင်းအပြင်တို့တွင် ရောင်းချလျက် ရှိသော ဆေးဆိုင်များအား တရားမဝင် ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
တာချီလိတ်မြို့တွင် မြေအောက်ရေများ ခမ်းခြောက်၍ သောက်သုံးရေများ ပြတ်လပ်
Mar 02,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရာသီဥတုပူပြင်းလာသည်နှင့်အမျှ မြေအောက် ရေများခမ်းခြောက်လာ၍ သုံးရေများပြတ်လပ်လာသော ရပ်ကွက်များအတွင်း ရေပေးဝေရေးကုမ္ပဏီ ၏ ကူညီမှုဖြင့် ရွှေမယ်ယန်း လူမှုကူညီရေး ပရဟိတအသင်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ရေပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားကုန်များထောက်ပံ့ပေးအပ်
Mar 02,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာများအား ထောက်ပံ့ ပေးအပ်သည့် စားကုန်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပန်၌ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲနှင့် (၃၆)ကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 02,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ (၃၁)ဘုံဆုတောင်းပြည့်စေတီ တော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၃၆)ကြိမ် မြောက် အသံမစဲမဟာ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ စေတီတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ခိုင်မိုး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တက်ရောက်ကြည်ညိုခဲ့ကြသည်။