ကြို့ပင်ကောက် မတ် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင်က တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပပြုလုပ်မည့် အထက်တန်းကျောင်း စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ် မီးကတ် မီးသတ်ဆေးဘူးများ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ အလွယ်တကူရယူ အသုံးပြုနိုင်ရေးနှင့် သုံးစွဲပုံးနည်းလမ်းများ၊ ရေရရှိရေးဆောင်ရွက် ထားရှိမှု များ လျှပ်စစ်ဝါယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ မိန်းခုံများအား ခံနိုင်ဝန်ထက်ပိုမိုသုံးစွဲခြင်း မပြုရန်နှင့် ပေါက်ပြဲဆွေးမြေ့နေသော ဝါယာကြိုးများအား အသုံးပြုခြင်းမပြုရန်တို့အား သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ကျောင်းကော်မတီဝင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း ပြောသည်။
ကြို့ပင်ကောက်မြို့ အထက(ကြို့ပင်ကောက်) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၂၀၇) ဦး၊ အထက(ပန်းတင်) ကျောင်းတွင် (၅၃)ဦး၊ အထက(ရွှေပန်းတော)ကျောင်းတွင် (၅၁)ဦးနှင့် အထက (လယ်တီ)ကျောင်းတွင် (၄၈)ဦးတို့ ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း စာစစ်ဌာနလေးခုတို့တွင် ဆရာဆရာမ (၈၅) ဦးနှင့် လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့ဝင်တို့မှ စာမေးပွဲဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စာစစ်ဌာနတိုင်းတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ အသင့် အနေအထားဖြင့် တာဝန်ထမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)