နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် တပေါင်းလပြည့်နေ့ အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

နောင်ချို မတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်သံသရာအေး ဂေါပကအဖွဲ့တို့ပူးပေါင်း၍ တပေါင်းလပြည့်နေ့ (မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့)  အကြောင်း သိကောင်းစရာ အသိပညာပေးTalk Show ဆွေးနွေးပွဲ ယမန်နေ့ နံနက် ၁၁နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် သံသရာအေး ဂေါပကဥက္ကဌ ဦးတင်မင်းက ဗုဒ္ဓဘုရားရှင် ကဿပညီနောင်ရှင်(၁၀၀၀)ကို ချေချွတ်တော်မူပြီး ရာဇဂြိုလ်ပြည်သို့ ကြွချီတော်မူသည့် အကြောင်း၊ ဘုရားရှင်ရဟန္တာပေါင်း  ၂၀၀၀၀ ခြံရံ၍ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် ရာဇဂြိုလ်မှ မွေးဖွားရာဇာတိ ကပ္ပိလဝတ်ပြည်သို့ ကြွချီတော်မူသည့်အကြောင်း၊  ပြည်တော်ဝင်အခါတော်နေ့ သတ်မှတ်ရခြင်း အကြောင်းများကို ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟု သုတရရှိစေရန် ရည်ရွယ်၍ စာပေပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ဖိတ်ခေါ်၍နေ့ကြီး၊ ရက်ကြီးများနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် Talk Show ဆွေးနွေးပွဲများကို ရိုက်ကူး၍ Online မှတဆင့် ထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)