သတင်းများ

မြို့သစ်မြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 02,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကွတ်ခိုင်မြို့နယ်တွင် ငြိမ်းချမ်းရေးစုတောင်းပြည့် ရန်ပြေမာန်ပြေ စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပွဲနှင့် အနေကဇာတင်ခြင်း အခမ်းအနား ကျင်းပ
Mar 02,2023
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် မြို့သူမြို့သားများ၊ သာသနာ့နုဂ္ဂဟအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များ၊ တောင်ခြေအနီးနားရှိ ရွာသူရွာသားများ၊ ဗုဒ္ဓဘာသာဝင်များအားလုံးက စုပေါင်းပြုလုပ်မည့် မြို့အဝင် လွိုင်ဆမ်ဆစ်တောင်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော ငြိမ်းချမ်းရေးစုတောင်းပြည့် ရန်ပြေမာန်ပြေ စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပွဲနှင့် အနေကဇာတင်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စစ်တုရင်ပြိုင်ပွဲကျင်းပ
Mar 02,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နေ့လယ်(၂)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Mar 02,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံ ငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများ အရောက် လိုက်လံငှားရမ်း‌ပေး နေလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) သို့ သွားရောက်ငှားရမ်း ပေးကြသည်။
ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဘက်စုံသုံး ဆပ်ပြာအဆီ ပြုလုပ်နည်းသင်တန်း ပို့ချ
Mar 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အိမ်တွင်း ထွက်ငွေ လျော့နည်းစေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ(၂)နာရီအချိန်က ဘက်စုံသုံးဆပ်ပြာအဆီ ပြုလုပ်နည်းသင်တန်း အား ကျောင်းသူ ၁၅ ဦးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် ဆတိုးဆုတောင်းပြည့် စေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပမည်
Mar 02,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မူလဆတိုး စေတီတော်မြတ်ကြီးကို လိုဏ်အတွင်းထည့်သွင်း၍ ရွှေစည်းခုံပုံတူစေတီတော်မြတ်ကြီးအား အထက်ဌာပနာသွင်းလှူခြင်းနှင့် ရတနာရွှေထီးတော် စိန်ဖူးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်မင်္ဂလာနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတော် မင်္ဂလာအခမ်းအနားများကို မတ်လ(၅)ရက် (တပေါင်းလပြည့်နေ့)တွင် အဆိုပါဆတိုး ဆုတောင်းပြည့် ဘုရားဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် ဘိုးသွားများ လက်ဝယ်အရောက် လူမှုရေးပင်စင်များ လိုက်လံထောက်ပံ့
Mar 02,2023
ရှမ်းပြည်နယ်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများ အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ (၃)လပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ)အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် ထောက်ပံ့ငွေများအား ယနေ့ မွန်းလွဲ(၁)နာရီက စတင်၍ ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခိုလမ်မြို့ရုံး၊ (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲကျင်းပ
Mar 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၉:၃၀)နာရီအချိန်က  ကျင်းပခဲ့ကြောင်း သိရသည်။