သတင်းများ

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဆောင်းကြက်သွန်နီစိုက်ခင်းများ စတင်သိမ်းဆည်းလျက်ရှိကာ တစ်ဧက ကြက်သွန်နီပိဿာချိန် ၅၀၀၀ ထွက်ရှိ
Mar 02,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး သီးနှံဝင်ငွေတိုးပွားရေး အားထား စိုက်ပျိုးသည့် ဆောင်းကြက်သွန်နီစိုက်ခင်းများမှာ ယခုအခါ စတင်သိမ်းဆည်း လျက်ရှိကာ တစ်ဧကလျှင် ကြက်သွန်နီပိဿာချိန် ၅၀၀၀ ခန့် ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အနောက်လေးအိမ် ကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 02,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် နေကြာ(ဆောင်း) သီးနှံ စံပြကွက်(၅)ဧက စိုက်ပျိုးထားရှိမှုအား တွေ့ဆုံမေးမြန်း
Mar 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် နေကြာ (ဆောင်း)သီးနှံ စိုက်ပျိုးထားမှု အခြေအနေအား ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဇော်ထွေးအား တွေ့ဆုံမေးမြန်းခဲ့သည်။
ပင်လောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား/ကျောင်းသူ ၈၅၉ ဦး ဝင်ရောက် ဖြေဆိုရန်စာရင်းပေးသွင်း
Mar 02,2023
၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စတင်ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၈၅၉ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီလ ၁၈ ရက်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ နွေရာသီအခြေခံအားကစား သင်တန်းဖွင့်လှစ်မည်
Mar 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးပြီး လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားနည်းငါးမျိုး အခမဲ့သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၌ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာစေရန် နွေရာသီ ကရာတေးဒိုသင်တန်း ဖွင့်လှစ်ပြသ
Mar 02,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ  ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံလူငယ်များအား နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီ ကရာတေးဒို အားကစားသင်တန်းကို ယမန်နေ့ ညနေပိုင်းမှ စတင်ကာ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့မအားကစားကွင်းရှိ မိုးလုံလေလုံခန်းမ၌ ဖွင့်လှစ်ပြသလျက်ရှိသည်။
တောင်ကြီးမြို့နယ်၌ တက္ကသိုလ်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး
Mar 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုကြ မည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်၍ ထုတ်ပေးရန်တွင် မတ် ၁ ရက်နေ့ နံနက် ၉ နာရီမှ သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ဆက်လက် ထုတ်ပေးလျက်ရှိသည်။
ငပုတောမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တွေ့ဆုံအားပေး
Mar 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် ယမန်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ်အတွင်းရှိ အ​ခြေခံပညာ အထက်တန်းကျောင်း ဟိုင်းကြီး၊ အ​ခြေခံပညာအထက်တန်းကျောင်း မကျည်းပင်၊ အခြေခံပညာ အထက်တန်းကျောင်း သင်္ကန်ကုန်းနှင့်  အခြေခံပညာအထက်တန်းကျောင်း ငရုတ်ကောင်းတို့ရှိ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့သည်။