ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စံကွက်ရိတ်သိမ်းပွဲကျင်းပ

ပန်းတောင်း မတ် ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သရက်လိန်အုပ်စု၊ သရက်လိန် ကျေးရွာတွင် မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီမှ ဆီထွက်သီးနှံ(နေကြာ)စံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်က ကျင်းပခဲ့ သည်။

ဆီထွက်သီးနှံ(နေကြာ) စံကွက်ရိတ်သိမ်းပွဲတွင် သရက်လိန်ကျေးရွာတောင်သူ ဦးပိုက်တင်လယ်၌ ဆင်းရွှေနေကြာ(၂) (၃)ဧက ရိတ်သိမ်းခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆီထွက်သီးနှံ(နေကြာ) စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၂) ဦးအေးကြိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး​ ဒေါ်အေးအေးသင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)