နောင်ချို မတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သုခမိန်ဘော်ဒါဆောင်တို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ် ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ “လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက လူငယ်ရေးရာ အသိပညာ ပေး ဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆက်လက်ဟောပြောရာတွင် လူငယ်နှင့် ရည်မှန်းချက်၊ စာတတ်ဖို့သာမကပညာ တတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ စသည့် ခေါင်းစဉ်များဖြင့် လူငယ်များ ရှင်းလင်းနားလည်လွယ်အောင် ဥပမာ၊ သာဓကများဖြင့် ဟောပြောခဲ့ကြောင်းနှင့် တက်ရောက်လာကြသော အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည် များကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးကပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် လူငယ်များ အသိပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများဖြစ်သည့် လူငယ်စကားဝိုင်း၊ လူငယ်အသိပညာပေး ဟောပြောပွဲ၊ အသိပညာပေးပြပွဲများပြသခြင်း အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းနှင့် အားကစားပြိုင်ပွဲများကို အလျဉ်းသင့်သလိုပြု လုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)