သတင်းများ

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် Myanmar Fitness Dance သင်တန်း (အခမဲ့)ဖွင့်လှစ်
Mar 02,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များကျန်းမာကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးကာ ဉာဏ်ရည်ထက်မြတ်သည့် ကျောင်းသား/ ကျောင်းသူများ ဖြစ်စေရန်နှင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မတ်(၂)ရက်နံနက်(၉)နာရီက Myanmar Fiteness Dance သင်တန်း (အခမဲ့) ဖွင့်လှစ်လျက်ရှိကြောင်းသိရှသည်။
သနပ်ပင်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Mar 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊  ရပ်ရွာ အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြိုနယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ မွန်းလွှဲ(၁)နာရီအချိန်တွင်  မင်းရွာ တာဝကျေးရွာအုပ်စု၊ ကမာဘာ၊ ကတုံးတန်းကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင်  တောင်သူလယ်သမားနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်
Mar 02,2023
ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက တောင်သူလယ်သမားနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်တွင်နွေရာသီအင်္ဂလိပ်စာ (Grammar) သင်တန်းအခမဲ့ဖွင့်လှစ်
Mar 02,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် နွေရာသီအင်္ဂလိပ်စာ (Grammar) သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့ က စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် မြိုမအုပ်စုတွင် တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ်
Mar 02,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့မအုပ်စုတွင် တောင်သူအသိပညာပေး  အီးအိမ်မြေကို အသုံးပြုပြီး မြေဆွေးပြုလုပ်ခြင်းကို ယမန်နေ့က တောင်သူ ဦးသံချောင်းလယ်ကွင်းထဲတွင် လက်တွေ့ ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့တွင် (Tiger Karate Club) အားကစားသင်တန်း အခမဲ့ဖွင့်လှစ်ခြင်း ဆောင်ရွက်
Mar 02,2023
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ဘုရင်နောင်လမ်း၌ (Tiger Karate Club) အားကစား သင်တန်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား သောက်သုံးရေများ လှူဒါန်း
Mar 02,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု၊ မီးလောင်ကုန်းကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိစေရေး ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင် ဦးဆောင်၍ သောက်သုံးရေများ လှူဒါန်းခဲ့ကြသည်။