ငါးသိုင်းချောင်းမြို့တွင် (Tiger Karate Club) အားကစားသင်တန်း အခမဲ့ဖွင့်လှစ်ခြင်း ဆောင်ရွက်

ငါးသိုင်းချောင်း မတ် ၂

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ဘုရင်နောင်လမ်း၌ (Tiger Karate Club) အားကစား သင်တန်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနား၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နှင်းနှင်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ ကိုယ်စား တာဝန်ရှိသူတစ်ဦးက လူငယ်မောင်မယ်များအား မိမိကိုယ်ကို ကာကွယ်နိုင်စေရန် ကိုယ်ခံပညာရပ်များကို တက်မြောက်ထားသင့်ကြောင်း၊ သင်တန်းဆရာများပို့ချသည့် သင်ခန်းစာများကို စနစ်တကျ ကြိုးစားသင်ယူသင့်ကြောင်းနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့‌ကြသည်။

ဆက်လက်၍ သင်တန်းနည်းပြ ဦးကြည်ဟန်နှင့် အဖွဲ့ဝင်များက ကရာတေးပညာရပ်များအား သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့  ရပ်မိ/ရပ်ဖများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသူ/ သင်တန်းသားများ စုစုပေါင်းအင်အား(၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/‌ဆက်)