ကွတ်ခိုင် မတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် Grade(9)နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့ နံနက် (၁၁) နာရီက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ Grade(9) နှစ်ဆုံးစာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၄၃)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၄၅၁) ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ အထွေထွေသိပ္ပံ ဘာသာရပ်များကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ဘာသာအားလုံး ဖြေဆိုပြီးစီးသွားပြီဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုပြီးစီးရေးအတွက် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ကွတ်ခိုင် (ပြန်/ဆက်)