မြို့သစ်တွင်နွေရာသီအင်္ဂလိပ်စာ (Grammar) သင်တန်းအခမဲ့ဖွင့်လှစ်

မြို့သစ် မတ် ၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် နွေရာသီအင်္ဂလိပ်စာ (Grammar) သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့ က စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စံပယ်စန်းဝင်းက (Grade-4 မှ Grade-8) အထိ ကျောင်းသား၊ ကျောင်းသူများကို တနင်္လာနေ့မှ ကြာသပတေးနေ့အထိ (တစ်ပတ်လျှင် ၄ရက်) ဖြင့် မတ်လ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ နံနက် ၈ နာရီမှ ၉ နာရီအထိတစ်ချိန်၊ ညနေ ၄ နာရီမှ ၅ နာရီအထိ တစ်ချိန် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း(IPRD)