ဥတ္တရသီရိ မတ် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု၊ မီးလောင်ကုန်းကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိစေရေး ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင် ဦးဆောင်၍ သောက်သုံးရေများ လှူဒါန်းခဲ့ကြသည်။
အဆိုပါ ကျေးရွာသို့ သောက်သုံးရေများ လှူဒါန်းနေမှုကို ဥတ္တရခရိုင် မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ထွန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည်။
သောက်သုံးရေ လှူဒါန်းခြင်းတွင် နေပြည်တော်မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်(၁)စီး၊ ဥတ္တရသီရိမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စုစုပေါင်း(၂)စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦး၊အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦးတို့က သောက်သုံးရေများလှူဒါန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကာ သောက်သုံးရေဂါလန် (၇၀၀၀)ခန့် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)