သတင်းများ

ရွှေကူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိ
Mar 08,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့အဖြစ် ယနေ့နံနက် ၉ နာရီက စာစစ်ဌာနအသီးသီးတို့၌ စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၆၇၈) ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/သူများ ဝင်ရောက်ဖြေဆို
Mar 08,2023
မြန်မာနိုင်ငံတစ်ဝန်း၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် စာစစ်ဌာန(၄)ခု ဖွင့်လှစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆို
Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ်လ ၈ ရက်နေ့ နံနက် ၉ နာရီက တက္ကသိုလ်ဝင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ(ဓမ္မဗိမ္မာန်)၌ မိုးကုတ်ဝိပဿနာသင်တန်းနှင့် အဘိဓမ္မာအခြေခံတရား(၇)ရက်သင်တန်း ဖွင့်ပွဲ ကျင်းပ
Mar 08,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ (ဓမ္မဗိမ္မာန်)၌ မိုးကုတ်ဝိပဿနာသင်တန်းနှင့် အဘိဓမ္မာအခြေခံတရားတော် (၇)ရက်သင်တန်းကို ယမန်နေ့နေ့လယ် ၁၂ နာရီက အဆိုပါဘိုးဘွားရိပ်သာ (ဓမ္မဗိမ္မာန်)၌ ကျင်းပခဲ့သည်။
စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား/သူများ လက်ဖက် စိုက်ပျိုးထုပ်လုပ်မှု ကွင်းဆင်းလေ့လာ
Mar 08,2023
ဟုမ္မလင်းစိုက်ပျိုး​ရေးသိပ္ပံ ဒုတိယနှစ်၊ ကျောင်းသူ၊ ကျောင်းသား (၂၃)ဦးအား ကြီးကြပ်သူ ဆရာ၊ ဆရာမများ လိုက်ပါလျက် ​ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးနှင့် တာဝန်ရှိသူများက မတ်လ (၅)ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်း​ကျေးရွာ တောင်သူဦးသိန်းဖေ၏ မြရွက်စိမ်း လက်ဖက်ခင်းတွင် လက်ဖက်စိုက်ပျိုးမှုစနစ်၊ ခူးဆွတ်နည်း၊ ​ပေါင်းခံနည်း၊ လက်ဖက်စို၊ လက်ဖက်ခြောက် ပြုလုပ်နည်းများ ကွင်းဆင်း‌လေ့လာခဲ့ကြကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစားသင်တန်း (၆)မျိုး စတင်ဖွင့်လှစ်သင်ကြား
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး နွေရာသီအားကစား သင်တန်း (၆)မျိုးကို မတ်လ ၆ ရက်နေ့ မွန်လွဲပိုင်း ၃ နာရီ ၃၀ အချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း (မော်ရွှေဝါခန်းမ)၌ စတင်ဖွင့်လှစ်သင်ကြားပေး ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့၌ ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက ငရုတ်ကောင်းမြို့ (အ.ထ.က)၊ စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၉၀)ဦး ရှိကြောင်း သိရသည်။
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျောင်းသား၊ ကျောင်းသူလေးများ၏ ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Mar 08,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလေးများ၏ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။