သတင်းများ

သိန္နီမြို့တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေး
Mar 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကလေးငယ်များ ရောဂါကင်း၍ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင် ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/ တိုက်ကျွေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က စတင်ကာ မြို့နယ်မိခင်ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ်တွင် (၆၁)မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် တောင်သူလယ်သမားနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်
Mar 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် ယနေ့နံနက် ၀၉း၀၀ နာရီအချိန်က (၆၁) မြောက်တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် တောင်သူလယ်သမားနေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူတို့၏အသက်အိုးအိမ်ပစ္စည်းများကို ကာကွယ်စောင့်ရှောက်ရန် အမြဲအသင့်ရှိဖို့လို
Mar 01,2023
မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ ကုန်ထုတ်အရင်းအနှီးများကို မီးဘေး အန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးဒုက္ခများကျရောက်လာ ပါကအရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါပူပြင်းခြောက်သွေ့၍ မီးလောင်လွယ်သည့် ရာသီဥတုသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် မတ်လ ၁ ရက်နေ့ နံနက် ၈ နာရီခန့်က ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ နယ်မြေ မီးသတ်စခန်းမှူးများနှင့်တွေ့ဆုံ၍ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များကို တွေ့ဆုံဆွေးနွေးသည်။
တိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်
Mar 01,2023
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  ကမြောကင်းတံတားသစ်တည်ဆောက်ရေး စီမံကိန်းအား ကြည့်ရှုစစ်ဆေး
Mar 01,2023
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ထားဝယ်-ကမြောကင်း-လောင်းလုံးလမ်းပေါ်ရှိ ကမြောကင်းတံတားသစ် တည်ဆောက်ရေးစီမံကိန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ကြက်သွန်နီဈေးတည်ငြိမ်၍စိုက်ပျိုးရောင်းချသူများအဆင်ပြေလျက်ရှိ
Mar 01,2023
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံကြက်သွန်နီ စိုက်ပျိုးရောင်းချသူတောင်သူ တောင်သူများအနေဖြင့် ယခုနှစ်တွင် ကြက်သွန်နီဈေးကောင်းမွန်သည့်အတွက်  အဆင်ပြေလျက်ရှိသည့်အတွက် နွေကြက်သွန်အများအပြား ဆက်လက်စိုက်ပျိုးထားလျက်ရှိကြောင်းသိရှိရသည်။
စစ်ကိုင်းမြို့တွင် မကူးစက်တတ်သောရောဂါများနှင့် မျက်စိအခမဲ့စမ်းသပ် ကုသမှုအစီအစဉ် အခမ်းအနားကျင်းပ
Mar 01,2023
စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အကြိုလှုပ် ရှားမှုအဖြစ် မကူးစက်တက်သော ရောဂါများနှင့် မျက်စိအခမဲ့စမ်းသပ်ကုသမှုအစီအစဉ် အခမ်းအနားကို ဖေဖော်ဝါရီ(၁)ရက်၊ နံနက်ပိုင်းစ၍ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ ကလေးကုသဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။