သနပ်ပင်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သနပ်ပင် မတ် ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊  ရပ်ရွာ အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြိုနယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ မွန်းလွှဲ(၁)နာရီအချိန်တွင်  မင်းရွာ တာဝကျေးရွာအုပ်စု၊ ကမာဘာ၊ ကတုံးတန်းကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်ကြောင်း(၅)ကြောင်းမှ အဖွဲ့ခေါင်းဆောင်များ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေမှုများကို ဒေသခံပြည်သူ့များနှင့်တွေ့ဆုံ၍  ဖြည့်ဆည်းဆောင်ရွက် ခဲ့ကြောင်း သိရပါသည်။

အဆိုပါ စစ်ကြောင်းကြီး(၅)ကြောင်းမှ တာဝန်ရှိသူတို့သည် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ အနေဖြင့် လုပ်ငန်း တာဝန် ထမ်းဆောင်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်၊  ကျေးရွာနေ ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် အလေးထား ဆောင်ရွက်သွားရန်၊ ကျေးရွာနေပြည်သူများအနေဖြင့် ကောလဟာလ သတင်းအမှားများကို မယုံကြည်ကြပဲ သတင်းအမှန်များကို လေ့လာဖတ်ရှုကြရန်၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုအကျိုးပြု လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးကြရန် ချပြရှင်းလင်း တိုက်တွန်း ပြောကြားခဲ့ပြီး ကျေးရွာအတွင်းရှိ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကွယ်ဆေး Booster Dose ထိုးနှံပေးခြင်း၊ ပန်းခင်းစီမံချက်(၂)အနေဖြင့် အိမ်ထောင်စု ဇယားနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မင်းရွာတာဝကျေးရွာရွာ တွင်းလမ်း၊ မေတ္တာလမ်း၊ ဆွမ်းခံလမ်း၊ မြောက်ပိုင်းလမ်းများ  ဂဝံလမ်း၊ ကျောက်ချောလမ်း ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ဆွမ်းခံလမ်း လျှပ်စစ်မီးရရှိရေး၊ မင်းရွာတာဝနှင့် ကမာဘာကျေးရွာ ဆက်သွယ်ထားသောလမ်းအား လမ်းအား ()လမ်းသွား ပြုလုပ်ပေးမည့် အခြေအနေများအား ချပြရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများအပေါ် ပေါင်းစပ် ညှိုနှိုင်းဆောင်ရွက် ပေးခဲ့ပြီး‌ ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ကြောင်း သိရပါသည်။

လှမိုး(ပြန်/ဆက်)