သတင်းများ

ကော့သောင်းမြို့တွင် နွေရာသီအားကစားသင်တန်းများဖွင့်လှစ်
Mar 01,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ‌‌ ကော့သောင်းမြို့တွင် ၂၀၂၃ နွေရာသီအားကစားသင်တန်းများကို အားကစားကွင်း/ရုံများတွင် ဖေဖော်ဝါရီ၂၆ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ(၁)လတာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
နမ္မတူမြို့နယ်၌ လီဆူစာပေနှင့်ယဉ်ကျေးမှု (၁၀၆)နှစ်ပြည့်အထိမ်းအမှတ်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပ
Feb 28,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လီဆူတိုင်းရင်းသား သမိုင်းဓလေ့အမွေအနှစ်များအား ထိန်းသိမ်းရန်အတွက် လီဆူစာပေနှင့်ယဉ်ကျေးမှု(၁၀၆)နှစ်ပြည့် အထိမ်းအမှတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၈)အခြေခံပညာမူလတန်းလွန်းကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
နောင်တရားမြို့ လူမူကူညီရေးအသင်း၊ စန္တာခမ်းရုံး လူမူကူညီရေးကော်မတီနှင့်အလှူရှင်များက ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအတွက် လူသုံးကုန်နှင့် စားသောက်ကုန်များ သွားရောက်လှူဒါန်း
Feb 28,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဘုန်းတော်ကြီးကျောင်းများ၌ ခေတ္တခိုလုံရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအတွက် နောင်တရားမြို့ လူမူကူညီရေးအသင်း၊ စန္တာခမ်းရုံး လူမူကူညီရေးကော်မတီနှင့် အလှူရှင်များက လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်များကို ယနေ့နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် နွေစပါးစီမံကိန်းအတွက် သွင်းအားစုအစုအဖွဲ့များနှင့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများတို့ဖြင့် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားတက်ရောက်
Feb 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းအတွက် သွင်းအားစုအစုအဖွဲ့များနှင့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများတို့ဖြင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ ကျင်းပခြင်းနှင့် သာသနဝိသုဒ္ဓိပရိယတ္တိ စာသင်တိုက်တည်ထောင်ခြင်း (၂၅) နှစ်ပြည့်အထိမ်းအမှတ် ငွေရတုသဘင်ပွဲတော်သို့တက်ရောက်
Feb 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ ကျင်းပခြင်းနှင့် သာသနဝိသုဒ္ဓိစာသင်တိုက်တည်ထောင်ခြင်း (၂၅) နှစ်ပြည့်အထိမ်းအမှတ် ငွေရတုသဘင်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီက ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ သည်။
ရေနံချောင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြော
Feb 28,2023
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ပွင့်လင်ရာသီရောက်ရှိလာချိန်တွင် မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှံးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖား​ဆောင်းမြို့ရတနာစျာန်​အောင်​စေတီ​တော်တွင် အဋ္ဌမအကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူ​ဇော်
Feb 28,2023
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ရတနာစျာန်​အောင်​စေတီတော်ကြီးတွင် အဌမအကြိမ်​မြောက်အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူ​ဇော်ဖွင့်ပွဲကို ယ​နေ့နံနက် ၈ နာရီအချိန်က​အဆိုပါ​စေတီ​လေးမျက်နှာဘုရားတွင် ကျင်းပပြုလုပ်ခဲ့​သည်။
ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်
Feb 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)နှင့် ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုး တန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က ဖျာပုံခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ် သည်။