ပန်းတောင်းမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်
Mar 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစား ထူးချွန်သော လူငယ်များ ပေါ်ထွက်လာစေရေး၊ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက် များတွင် ဝါသနာပါရာကို လေ့လာနိုင်ရန်၊ အခြားမလိုလားအပ်သော လမ်းကြောင်း များ၊ ဦးတည်ချက်များဖြင့် မှားယွင်းမှုများမဖြစ်ပေါ် စေရေး စသည့်ရည်ရွယ်ချက်များဖြင့် ပန်းတောင်းမြို့နယ် ပြည်သူ့အားကစားကွင်းနေရာ၌ နွေရာသီအခြေခံ အားကစားသင်တန်း များ ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။