နတ်မောက်မြို့နယ် မြိုမအုပ်စုတွင် တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲပြုလုပ်

နတ်မောက် မတ်လ ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့မအုပ်စုတွင် တောင်သူအသိပညာပေး  အီးအိမ်မြေကို အသုံးပြုပြီး မြေဆွေးပြုလုပ်ခြင်းကို ယမန်နေ့က တောင်သူ ဦးသံချောင်းလယ်ကွင်းထဲတွင် လက်တွေ့ ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမြေဆွေးကွင်းသရုပ်ပြပွဲတွင် တက်ရောက်လာကြသည့် စိုက်ပျိုးတောင်သူများအား အီးအမ်မြေကို အသုံးပြုပြီး မြေဆွေးပြုလုပ်ပုံနှင့် အီးအိမ်မြေဆွေးပြုလုပ်ခြင်းကြောင့် ကုန်ဆုံးသွားသည့် မြေဆီလွှာအတွင်း အာဟာရဓာတ်ပြန်လည် ပြည့်၀လာစေရန်ရည်ရွယ်၍ လက်တွေ့ သရုပ်ပြ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ အီးအမ်မြေဆွေးပြုလုပ်ရာ၌ အီးအမ်မြေ()ဂါလံ()ပုံး ကို ရေလီတာ (၂၀၀)ထည့်၍ မိမိလယ်မြေများတွင် ပက်ဖျန်းနိုင်ပါကြောင်း၊ အီးအမ်မြေ ဆွေးအသုံးပြုခြင်းကြောင့် အပင်ပေါက်မှု ညီညွှတ်ခြင်း၊ အပင်ပွားများခြင်း၊ အစာချက်လုပ်မှု အားကောင်းခြင်း၊ အသီးအနှံရင့်မှည့်မှု ညီညာခြင်း၊ အသီးအပွင့်များကြွေကျမှုနည်းပါးခြင်းနှင့် ရိတ်သိမ်းချိန်စော၍ ထည့်သွင်းထားသော မြေဩဇာများကို အပင်မှအဆင့်ဆင့်စားသုံးနိုင်သည့်အဆင့်သို့ ရောက်ရှိစေနိုင်ခြင်းစသည့် အကျိုးများ ခံစားနိုင်သည့်အပြင် လူသားများရဲ့ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးနှင့်ညီညွှတ်သော သီးနှံများ ထုတ်လုပ်နိုင်စေခြင်းနှင့် စိုက်ပျိုးစရိတ်အတတ်နိုင်ဆုံး လျော့နည်းပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒု-ဦးစီးမှူးဒေါ်တင်တင်မူမှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

လှဝင်း

မြို့နယ် (ပြန်/ဆက်)