သတင်းများ

ဘီးလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး
Feb 21,2023
ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ယနေ့မှစ၍ နေ့ချင်းပြီးထုတ်ပေး လျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း (၁၀၃၅)ဦးတို့၏ ပင်စင်လစာငွေများ ပုံမှန်ဆက်လက်ထုတ်ပေး
Feb 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက် နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲအချိန် ထုတ်ပေးလျက်ရှိသည်။
ဘားအံခရိုင်  Community Centre  ခန်းမတွင်  စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Feb 21,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကို ယနေ့မွန်းလွဲ  (၂) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျိုင်းတုံမြို့၌ လူငယ်ရေးရာ အသိပညာပေး Talk Show ပြုလုပ်
Feb 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူငယ်ရေးရာ အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ ၁ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်သည်။
နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Feb 21,2023
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်
Feb 21,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား (၂/၂၀၂၃)လအတွက် ပင်စင်လစာငွေပုံမှန် ထုတ်ပေး
Feb 21,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ပင်စင်လစာ ငွေများကို ဖေဖော်ဝါရီလ၂၁ရက် နံနက် ၉ နာရီမှ နေ့လည် ၂ နာရီ အထိ ပုံမှန်ထုတ်ပေးခဲ့ရာ ယနေ့တစ်နေ့တာတွင် ပင်စင်စား(၈၂)ဦးအတွက် ပင်စင်လစာ ငွေကျပ် (၁၂၄၂၉၅၀၉/၂၈) ကို ထုတ်ပေးနိုင်ခဲ့ပြီး၊ ယခုလအတွင်း ပင်စင်ထုတ်ယူခွင့်ရှိသူ အငြိမ်းစား ဝန်ထမ်းဦးရေ (၄၅၆)ဦး တိတိရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ်မှ သိရသည်။
ရွှေသောင်ယံမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက် လေ့လာရမည့် သင်ခန်းစာများအား တာဝန်ရှိသူများထံပေးအပ်
Feb 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် အတွင်းဖြေ၊ အပြင်ဖြေကျောင်းသား၊ ကျောင်းသူ များအတွက် မြန်မာ့အလင်း သတင်းစာပါ ဘာသာရပ်အလိုက်လေ့လာရမည့် သင်ခန်း စာများကို မြို့အုပ်ချုပ်ရေးမှူးမှ ယနေ့ နံနက်ပိုင်းက စာသင်ကျောင်းများသို့ လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။