ရွှေသောင်ယံမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက် လေ့လာရမည့် သင်ခန်းစာများအား တာဝန်ရှိသူများထံပေးအပ်

ရွှေသောင်ယံ ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် အတွင်းဖြေ၊ အပြင်ဖြေကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာ့အလင်း သတင်းစာပါ ဘာသာရပ်အလိုက်လေ့လာရမည့် သင်ခန်း စာများကို မြို့အုပ်ချုပ်ရေးမှူးမှ ယနေ့ နံနက်ပိုင်းက စာသင်ကျောင်းများသို့ လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် အထက(ရွှေသောင်ယံ) စာသင်ကျောင်း၌ လည်းကောင်း၊ အထက (အုန်းချောင်း) စာသင်ကျောင်း၌ လည်းကောင်း၊ အထက(သပေါ့ကန်) စာသင်ကျောင်းတို့၌ လည်းကောင်း တာဝန်ရှိ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများထံ သို့ လိုက်လံပေးအပ်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)