တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား (၂/၂၀၂၃)လအတွက် ပင်စင်လစာငွေပုံမှန် ထုတ်ပေး

တနင်္သာရီ  ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ပင်စင်လစာ ငွေများကို ဖေဖော်ဝါရီလ၂၁ရက် နံနက် ၉ နာရီမှ နေ့လည် ၂ နာရီ အထိ ပုံမှန်ထုတ်ပေးခဲ့ရာ ယနေ့တစ်နေ့တာတွင် ပင်စင်စား(၈၂)ဦးအတွက် ပင်စင်လစာ ငွေကျပ် (၁၂၄၂၉၅၀၉/၂၈) ကို ထုတ်ပေးနိုင်ခဲ့ပြီး၊ ယခုလအတွင်း ပင်စင်ထုတ်ယူခွင့်ရှိသူ အငြိမ်းစား ဝန်ထမ်းဦးရေ (၄၅၆)ဦး တိတိရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ်မှ သိရသည်။

အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်ဘဏ်ဖွင့်ရက်(၂၁) ရက်နေ့မှစ၍ လကုန်ရက်အထိ ဦးစားပေးထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်သော် လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာ၍ မထုတ်ယူနိုင်ပါက မိသားစုဝင်တစ်ဦးဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက် ထုတ်ယူနိုင်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်များနှင့်အညီ အသက်အရွယ်ကြီးရင့်သူများကို ဦးစားပေး ဖေးမကူညီခြင်းဖြင့် ပင်စင် ထုတ်ယူရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် အပြန်အလှန် ပူးပေါင်းကူညီပေးကြပါရန် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာက ပန်ကြားထားကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)