သတင်းများ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/သူများ နှစ်ဆုံးစာမေး ပွဲစတင်ဖြေဆို
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင်၂၀၂၂- ၂၀၂၃  ပညာသင်နှစ်အတွက်  စတုတ္တတန်း(Grade-5)နှင့် အဋ္ဌမတန်း(Grade-9)နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီချိန်မှ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။
ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြား
Feb 22,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့၌ (Grade- 5)နှင့် (Grade- 9)ကျောင်းသား/သူများနှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade-5)နှင့် အဋ္ဌမတန်း(Grade- 9)နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က သက်ဆိုင်ရာစာစစ်ဌာနကျောင်းများအလိုက် ကျင်းပခဲ့ရာ ကျောင်းသား/သူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း၌ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Feb 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း များ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5 နှင့် Grade- 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို
Feb 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃  ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade - 5)နှင့် အဋ္ဌမတန်း (Grade - 9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှ စတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဖြေဆိုလျက်ရှိသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade-5)နှင့် အဋ္ဌမတန်း (Grade-9)နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီချိန်မှ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ‌ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ‌သည်။
“အားကစားနှင့် ကာယပညာ(သိပ္ပံ)​ကျောင်း” အ​ကြောင်း သိ​ကောင်းစရာအသိပညာပေး Talk Show ပြုလုပ်
Feb 22,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယ​နေ့​ နံနက်(၁၀)နာရီချိန်က “အားကစားနှင့်ကာယပညာ(သိပ္ပံ)​ကျောင်း” အ​ကြောင်း သိ​ကောင်းစရာ အသိပညာ​ပေး Talk Show ပြုလုပ်ကြောင်း သိရသည်။
နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၂၃ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၃၆ သိန်းကျော် ထောက်ပံ့ပေးအပ်
Feb 22,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလအတွက် မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၂၃)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၃၆)သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။