ဘီးလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ဘီးလင်း ဖေဖေါ်ဝါရီ ၂၁

ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ယနေ့မှစ၍ နေ့ချင်းပြီးထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် ပင်စင်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း ၁၉၈၄ ဦးရှိရာ တစ်ရက်အတွင်း ပင်စင်လာရောက် ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း ၃၀၀ ခန့်ရှိကြောင်း သိရသည်။  အဆိုပါ အငြိမ်းစား ဝန်ထမ်းပင်စင်စားများအား ဖေဖော်ဝါရီ ၂၁ ရက် နေ့မှ ၂၇ ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများကို ၂၀၂၃ ခုနှစ် မတ်လအတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထူးနောင် (ပြန်/ ဆက်)