သတင်းများ

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား
Feb 22,2023
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီခွဲက ရန်မျိုးလုံ ၁ ရပ်ကွက်ရှိ သွပ်မိုး၊ ထရံကာ၊ အထပ်သားခင်း(၂)ထပ် အောက်ထပ်လူနေအိပ်ခန်းအတွင်း အိပ်ယာပေါ်တွင် ဆေးလိပ်သောက်၍ ဆေးလိပ်တိုထားခဲ့ရာမှ အနီးရှိ စောင်သို့ ကူးစက်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၄၃၂၃ ဧက စိုက်ပျိုးပြီးစီး
Feb 22,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၄၃၂၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်တက္ကသိုလ် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ တက်ရောက်၊ သားဖွားသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှု ကြည့်ရှုအားပေး
Feb 22,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည့် တက္ကသိုလ်ကြက်ခြေနီအသင်း(ခွဲ) ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၃)ဆင်းပွဲနှင့် ထူးချွန်ဆု ချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့ရာ သင်တန်းဆင်းပွဲကို သင်တန်းသား/သူများက “စေတနာလုပ်အားရှင်” ကြက်ခြေနီ ဂုဏ်ပြုတေးသီချင်းဖြင့်  သီဆိုဖွင့်လှစ်ခဲ့ကြသည်။
ဘူးသီးတောင်တပ်နယ်၌ စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျမှန်ကန်မှုရှိစေရေး စာကြည့်တိုက်အခြေခံပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 22,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်တပ်နယ်၌ စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျမှန်ကန်မှုရှိစေရေး စာကြည့်တိုက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ဘူးသီးတောင်မြို့ အမှတ်(၃၇၈) အမြှောက်တပ်ရင်းခန်းမ၌ ကျင်းပသည်။
ကံမမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Feb 22,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ညနေ ၆ နာရီက မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့်အချက်များကို အသံချဲ့စက်ဖြင့်လိုက်လံ သတိပေးနှိုးဆော်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက် ခဲ့ကြသည်။
ရသေ့တောင်မြို့ရှိနေအိမ်များ မီးဘေးလုံခြုံရေးအတွက်  တစ်အိမ်တက်ဆင်းမီးသတိမူရေး ကွင်းဆင်းစစ်ဆေးအကြံပေး
Feb 22,2023
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက်နာရီ ၉ အချိန်က ရသေ့တောင်မြို့၊အရှေ့မြောက်ရပ်ကွက် ဘုရားကြီးလမ်းရှိနေအိမ်များမီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးအောင်မြတ်လင်းနှင့်တပ်ဖွဲ့ဝင်များ ကတစ်အိမ်တက်ဆင်း အကြံပြုစစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများဆောင်ရွက်ခဲ့သည်။
ကော့သောင်းမြို့နယ်တွင် တနင်္သာရီတိုင်း‌ဒေသကြီးအတွင်းရှိ ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေး‌‌ဟောပြောပွဲကျင်းပ
Feb 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့က ကော့သောင်းမြို့နယ် မဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်သည်။
ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေးကြည့်ရှုစစ်ဆေး
Feb 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့ နေ့လယ်ပိုင်းက ပလောက်မြို့ မီးသတ်တပ်ဖွဲ့မှ မီးဘေးလုံခြုံရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့သည်။