သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း (၁၀၃၅)ဦးတို့၏ ပင်စင်လစာငွေများ ပုံမှန်ဆက်လက်ထုတ်ပေး

သာပေါင်း ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင် လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေး လျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲအချိန် ထုတ်ပေးလျက်ရှိသည်။

သာပေါင်းမြို့နယ်တွင် ကာကွယ်ရေးပင်စင်စား (၂၈၃)ဦး၊ နိုင်ငံရေး ပင်စင်စား(၁၄၄)ဦး၊ မြို့ပြ ပင်စင်စား(၆၀၀)ဦး၊ ဘဏ်ဝန်ထမ်း ပင်စင်စား(၈)ဦး ပေါင်းအငြိမ်းစား ပင်စင်စားဦးရေ (၁၀၃၅)ဦးရှိရာ ယနေ့ ဖေဖော်ဝါရီလ၂၁ ရက်နေ့တွင် မြို့ပြပင်စင်(၂၂၆)ဦး၊ ကာကွယ်‌ရေး ပင်စင် (၁၀၁)ဦး နိုင်ငံရေးပင်စင်(၃၈)ဦး၊ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ပင်စင်(၂)ဦး စုစုပေါင်း ပင်စင်စား (၃၆၇)ဦး ထုတ်ပေးနိုင်ခဲ့ပြီး ကျန်းမာရေးချို့ယွင်းသည့် အငြိမ်းစားသက်ကြီး ပင်စင်စားများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိနေပါ ကြောင်းနှင့် ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ လစာမထုတ်မီ တစ်ရက်အလိုရက်နေ့ အထိ နံနက် ၈ နာရီမှ စတင်၍ လာရောက်ထုတ်ယူသူ ပင်စင်စားကြီးများအားလုံးကို ထုတ်ပေးလျက်ရှိပြီး ကျန်ရှိသူများကို အစိုးရရုံးပိတ်ရက်များမှ ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဒေါ်အေးအေးနိုင်ထံမှ သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်