ကျိုင်းတုံမြို့၌ လူငယ်ရေးရာ အသိပညာပေး Talk Show ပြုလုပ်

ကျိုင်းတုံ ဖေဖော်ဝါရီ  ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူငယ်ရေးရာ အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ ၁ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်သည်။

Talk Show ဆွေးနွေးရာတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးနှင့် စာရေးဆရာ စိုင်းစောမဇ္ဈိမကမ္ဘောဇ (ပြည်)  တို့က လူငယ်များ စာဖတ်ခြင်းမှရရှိလာသည့် ဗဟုသုတများ၊ အချက်အလက်များဖြင့် ပြဿနာများ၊ ဆုံးဖြတ်ချက်များ ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း၊  အမြင်ကျယ်ခြင်းနှင့် အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်ရန် ပိုမိုကောင်းမွန်စွာ တွေးတောနိုင်ကြောင်း၊ စာပေများတွင်ပါဝင်သည့် အတွေ့အကြုံဗဟုသုတများမှ လူမှုဆက်ဆံရေးကွန်ယက်တို့နှင့် ပတ်သက်၍ အားသာချက်များရှိပြီး စိတ်ကိုနုပျိုစေပါကြောင်း၊ ထို့အပြင် လူငယ်များအနေဖြင့် ကျန်းမာသန်စွမ်းမှသာ မိမိမျှော်မှန်းသည့် ရည်မှန်းချက်ပန်းတိုင်ကို ကျော်ဖြတ်နိုင်မည်ဖြစ်၍ မိမိတို့၏ အားလပ်ချိန်များတွင် ကိုယ်ကျန်းမာဖို့အတွက် အားကစားများပြုလုပ်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အနာဂါတ်လူငယ်များအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ပြည့်စုံရန်လိုအပ်မည်ဖြစ်ပါ၍ လူငယ်အရွယ်ကပင် အချိန်ကို တန်ဖိုးရှိစွာအသုံးချတတ်ရန်လိုအပ်ပါကြောင်း စသည့်လူငယ်များဘဝ တိုးတက်ရေးဆိုင်ရာအကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Talk Show ပွဲ အစီအစဉ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)