နမ့်စန်(တ) ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ် ကလေးသူငယ်အခွင့်အရေးများကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုဝေဝေဖြိုးနှင့် မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဒေါ်နန်းနှင်းပန်းဖြူတို့က ကလေးသူငယ်များ၏ အခွင့်အရေးများ၊ ကလေးသူငယ်နှင့်ကျန်းမာရေးဆိုင်ရာအခွင့်အရေးများ၊ ပညာရေးဆိုင်ရာအခွင့်အရေးများ၊ကလေးသူငယ်၏ ကျင့်ဝတ်စည်းကမ်းများနှင့်မိဘ၊ အုပ်ထိမ်းသူနှင့် ဆရာဆရာမများ၏ တာဝန်ဝတ္တရားများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် တရားစီရင်ရေးဆိုင်ရာများစသည်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါ Talk Show အစီအစဉ်ကို နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Namsang Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)