သတင်းများ

မိတ္ထီလာမြို့နယ်တွင်  သီးနှံအခြေခံစားသောက်ကုန်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 22,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တွင် သီးနှံအခြေခံစားသောက်ကုန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဖြူးမြို့နယ်၊ ငါးဘတ်အိုင်ကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ (၄၂၉)သိန်းကို နဝမအကြိမ် ထုတ်ချေးပေး
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာများတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပေးလျက်ရှိရာ သ​​​​​ပြေလဟာကျေးရွာအုပ်စု၊ ငါးဘက်အိုင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေ နဝမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Feb 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စား များအား ပင်စင်လစာငွေများကို  ယမန်နေ့နံနက်(၈)နာရီက စတင်၍  ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး Auto CAD သင်တန်းဆင်းပွဲကျင်းပ
Feb 22,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး Auto CAD သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လိပ်သိုမြို့၌ (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေဝါသနာရှင် ကလေးငယ်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Feb 22,2023
ကလေးငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့်စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အထွေထွေဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့  မွန်းလွဲ ၂ နာရီအချိန်က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌  ထိန်းသိမ်းဖွယ်ရာ ကျေးလက်တေးကဗျာ အသိပညာပေး Talk Show ဆောင်ရွက်
Feb 22,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ထိန်းသိမ်းဖွယ်ရာ ကျေးလက်တေးကဗျာ အသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ (၂၀) ရက်၊ နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဂွမြို့၊ မြို့မရပ်ကွက်ရှိ မင်းတောင်သာသနာ့နယ်မြေ၊ တောင်တက်ကွန်ကရစ်လမ်းနှင့် မင်းတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး မုခ်ဦးရေစက်ချမင်္ဂလာ အခမ်းအနား တက်ရောက်
Feb 22,2023
ရခိုင်ပြည်နယ်၊ ဂွမြို့၊မြို့မရပ်ကွက်ရှိ မင်းတောင်သာသနာ့နယ်မြေ၊ တောင်တက်ကွန်ကရစ်လမ်းနှင့် မင်းတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး မုခ်ဦးရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက အဆိုပါစေတီတော် ပုရဝုဏ်အတွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး မဟာ သုန္ဒရာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ဒဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ သာသနာ့ဓဇအစိုးရဓမ္မာစရိယ၊ ဘဒ္ဒန္တအာဝုဓ အမှူးပြုသော ဆရာတော် အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အလှူရှင်များနှင့် မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပလတ်စတစ်ညစ်ညမ်းမှု အသိပညာပေးTalk Show ဆောင်ရွက်
Feb 22,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်လွဲ(၂)နာရီ အချိန်က ပလတ်စတစ်ညစ်ညမ်းမှု အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။