စလင်း ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခြင်းများကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်မှ ကြီးကြပ်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှတစ်လလျင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃) လ တစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အဘိုးအဘွားတစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ငွေ စရင်းမှ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၁၀) ရှိရာ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၁၀၇)အုပ်စုတို့မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပေါင်း (၁၄၇၁)ဦးတို့အား တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ကျပ်လေးရာလေးဆယ့်တစ်သိန်းသုံးသောင်းကျပ်အား ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)