လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 5နှင့် Grade- 9 ကျောင်းသား ကျောင်းသူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို

လယ်ဝေး ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃  ပညာသင်နှစ်အတွက်  စတုတ္တတန်း (Grade- 5)နှင့် အဋ္ဌမတန်း (Grade- 9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုလျက်ရှိသည်။

လယ်ဝေးမြို့တွင် အခြေခံပညာကျောင်းပေါင်း(၂၆၄)ကျောင်းရှိရာ ခရိုင်စစ် Grade- 5 ကျောင်းသား/ကျောင်းသူများသည် (၂၆၂)ကျောင်းတွင် ဖေဖော်ဝါရီ ၂၈ ရက်အထိ ဖြေဆိုမည်ဖြစ်ပြီး တိုင်းစစ် Grade-9 ကျောင်းသား/ကျောင်းသူများသည် အခြေခံပညာကျောင်း (၇၆)ကျောင်းတွင် မတ်လ ၁ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက လုံခြုံရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)