ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ (Grade-5)နှင့်(Grade-9)အတန်းများ  နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

ကံမ ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ မူလတန်းဆင့်တွင် (Grade-5)နှင့် အလယ်တန်းဆင့်တွင် (Grade-9) အတန်းများ  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို  ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

ကံမမြို့နယ်အတွင်း မူလတန်းကျောင်း  (၉၅)ကျောင်း၊ မူလတန်းကျောင်းခွဲ(၂)ကျောင်း၊ မူလတန်း လွန်ကျောင်း(၈)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊  အလယ်တန်းကျောင်းခွဲ(၈)ကျောင်း၊ အထက်တန်းကျောင်း(၆)ကျောင်းနှင့်  အထက်တန်းကျောင်းခွဲ(၃)ကျောင်းတို့တွင်  မူလတန်းဆင့် (Grade-5)အတန်း၌ ကျောင်းသား(၅၇၆)ဦး ကျောင်းသူ (၄၇၉)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ  (၁၀၅၅)ဦး အလယ်တန်းဆင့်(Grade-9)အတန်း၌ ကျောင်းသား(၂၇၉)ဦး ကျောင်းသူ (၃၀၄)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ  (၅၈၃)ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)