ကော့မှူးတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကော့မှူး ဖေဖော်ဝါရီ  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ပြည်သူအကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝက မြို့နယ်အတွင်း‌နိုင်ငံ‌တော်ဘတ်ဂျတ်ဖြင့် ဆောင်ရွက်လျက်ရှိ‌သော လုပ်ငန်းများအချိန်မီပြီးစီးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက အရှိန်မြှင့်ဆောင်ရွက်ကြရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် မိမိတို့ဌာနလုပ်ငန်းများအပြင် ဖွဲ့စည်းတာဝန်ပေးထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် မိမိတာဝန်ကျရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန်၊ ပြည်သူက အားကိုးယုံကြည်ရသော နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်နှင့်အညီ ပြည်သူ့များအတွက် ဝန်ဆောင်မှုလုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ ပြန်/ဆက်