ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့အစည်းအဝေးနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Feb 27,2023
ချမ်းအေးသာစံမြို့နယ်(အဋ္ဌမအကြိမ်)သံဃာ့ဝန်ဆောင်အဖွဲ့ (ပဉ္စမ)နှစ်ပတ်လည် အစည်းအဝေးနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါမြို့နယ်ရှိ မဟာလောကရံသီအိမ်တော်ရာစေတီတော်၊ ရတနာဃရ ၁၄ ခန်း ဓမ္မဗိမာန်တော်တွင် ကျင်းပရာမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မိုးကောင်းတိုက်၊ သုံးထပ်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိဓူရအမှူးပြုပြီး မြို့နယ်ဩဝါဒစရိယဆရာတော်များ၊ စာအောင်သံဃာတော် များ မြို့နယ်အုပ်ချုပ်ရေးမှူးဦလှထွဋ်၊ မြို့နယ်သာသနာရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအောင်မြင်သူများ၊ အလှူရှင်များ၊လူမှုရေးဘာသာရေးအသင်းအဖွဲ့ဝင်နှင့်ဖိတ်ကြားထားသူများတက်ရောက်ကြသည်။