မန္တလေး ဖေဖော်ဝါရီ ၂၇
ချမ်းအေးသာစံမြို့နယ်(အဋ္ဌမအကြိမ်)သံဃာ့ဝန်ဆောင်အဖွဲ့ (ပဉ္စမ)နှစ်ပတ်လည် အစည်းအဝေးနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါမြို့နယ်ရှိ မဟာလောကရံသီအိမ်တော်ရာစေတီတော်၊ ရတနာဃရ ၁၄ ခန်း ဓမ္မဗိမာန်တော်တွင် ကျင်းပရာမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မိုးကောင်းတိုက်၊ သုံးထပ်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိဓူရအမှူးပြုပြီး မြို့နယ်ဩဝါဒစရိယဆရာတော်များ၊ စာအောင်သံဃာတော် များ မြို့နယ်အုပ်ချုပ်ရေးမှူးဦလှထွဋ်၊ မြို့နယ်သာသနာရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအောင်မြင်သူများ၊ အလှူရှင်များ၊လူမှုရေးဘာသာရေးအသင်းအဖွဲ့ဝင်နှင့်ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ (အဋ္ဌမအကြိမ်)သံဃာ့ဝန်ဆောင်အဖွဲ့ (ပဉ္စမ)နှစ်ပတ်လည်အစည်းအဝေးအား သာသနဿစလောကဿ အစရှိသော နှစ်ဂါထာကို (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး အစည်းအဝေး ကိုအစီအစဉ် အတိုင်းကျင်းပပြီးနောက် ဇယန္တောဗောဓိယာမူလေ အစချီသော နှစ်ဂါထာကို (၃)ကြိမ်ရွတ်ဆို၍ အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
၎င်းနောက် ၂၀၂၂ ခုနှစ် နိကာယ်၊ ပထမပြန်စာမေးပွဲ စာအောင်လက်မှတ် ဆက်ကပ် လှူဒါန်းပွဲနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအောင် လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှထွဋ်နှင့် တာဝန်ရှိသူများက သာသနာရေးဆိုင်ရာများလျှောက်ထားပြီးနောက် ဩဝါဒ များခံယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ အစီအစဉ်အတိုင်း နိကာယ်နှင့် ပထမပြန်စာအောင်သံဃာပါး တို့အား စာအောင် လက်မှတ်များ ဆက်ကပ်ခြင်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲ အောင်မြင်သူ ၁၆၈ ဦးတို့အား စာအောင်ဆုနှင့် အောင်လက်မှတ်များပေးအပ်ခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ စုပေါင်း လောင်းလှူခြင်းများကိုဆောင်ရွက်ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
တင်ဇာလှိုင်