ရေဖြူမြို့နယ်၊ ၊လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ ပြိုင်ပွဲများပြုလုပ်

ရေဖြူ ဖေဖော်ဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မူလတန်းနှင့်အလယ်တန်းအဆင့် ကလေးငယ်များဖိတ်ခေါ်၍ ပြိုင်ပွဲများပြုလုပ်ပေးခြင်းကို ယ‌နေ့နံနက် ၁၀နာရီက လူထုအခြေပြုဗဟိုဌာန ၊ကလေးစာဖတ်ခန်းအတွင်း၌ပြုလုပ်ပေးခဲ့သည်။    

ပြိုင်ပွဲတွင် ကလေးငယ်များအနေဖြင့် ကျောင်းပိတ်ရက်များအတွင်း အချိန်ကိုအကျိုးရှိရှိအသုံးပြုတတ်စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊မိမိတို့၏ကိုယ်ပိုင်ဉာဏ်စွမ်းအားတို့ဖြင့် အရာရာကို ပုံ​ဖော်ဖန်တီးတတ်စေရန် နှင့်ပန်းချီပညာကိုတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ယခုလို ပြည်သူ့စာကြည့်တိုက်သို့ဖိတ်ခေါ်ပြီး ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဒေါ်ဖြူဖြူရှိန်က ပြောကြားခဲ့ပြီးဆက်လက်၍  ကလေးငယ်များအား ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲများပြုလုပ်ပေးခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အ-ထ-ကရေဖြူမူလတန်းနှင့်အလယ်တန်းအဆင့် ကလေးငယ် (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်သူ ကလေးငယ်များအား ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ခတ္တာ