ပင်းတယမြို့နယ်၌ ဆိုလာစနစ်ဖြင့် ရေသွင်းစိုက်ပျိုးထားသည့် နေကြာသီးနှံမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ဆီထွက်သီးနှံ နေကြာစိုက်ဧကမှာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနေကြာ(၄၇၈၅)နှင့် ဆောင်းနေကြာ (၁၁၅၀)ဧက လျာထားလျက်ရှိရာ မိုးနေကြာ(၄၇၈၇) စိုက်ပျိုးနိုင်ခဲ့ပြီး၊ တစ်ဧကလျှင် အထွက်နှုန်း(၃၅.၂၂)တင်း ထွက်ရှိခဲ့ကြောင်း၊ ဆောင်းရာသီတွင် နေကြာသီးနှံ (၁၁၅၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဖေဖော်ဝါရီလအထိ နေကြာ(၅၁၈)ဧက ရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင် အထွက်နှုန်း(၃၆.၅၂)တင်း ရရှိ၍ ကျန်ရှိသောဧကများမှာ ပန်းများ ပွင့်နေဆဲဖြစ်ကြောင်း သိရသည်။