သတင်းများ

မိုးကောင်းမြို့ လွဲလောကျေးရွာ ရွာဦးဆုတောင်းပြည့်စေတီတော်ကြီးအား ရွှေထီးတော်တင်လှူပွဲ ကျင်းပ
Feb 27,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် လွဲလောကျေးရွာအုပ်စု လွဲလောကျေးရွာ၌ တည်ထားကိုးကွယ်တော်မူအပ်သော ဉာဏ်တော် (၂၄)တောင်အမြင့်ရှိ “ရွာဦးဆုတောင်းပြည့်စေတီ” အား ရွှေထီးတော်တင်လှူပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပခဲ့သည်။
ခရမ်းမြို့နယ်တွင် တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးဝါးကုသ
Feb 27,2023
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေ ဦးဆောင်ပြီး တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းကို ယမန်နေ့က ခရမ်းမြို့နယ်တွင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်ပေး
Feb 27,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်ပေးလျက်ရှိသည်။
လေးမျက်နှာမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဟင်္သာတခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့တွေ့ဆုံ အားပေး
Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နေ့လယ်(၂)နာရီအချိန်၌ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့မှ အမှတ်(၁) ရပ်ကွက် ဓမ္မဗိမ္မာန်(၂)ထပ်ဓမ္မာရုံတွင် တွေ့ဆုံအားပေးခဲ့ သည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ အလှူငွေများ လာရောက်လှူဒါန်း
Feb 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်ရည်ရွယ်လျက် ယမန်နေ့တွင် အလှူရှင်များက အသင်းရုံးသို့ အလှူငွေများ လာရောက်လှူဒါန်းသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Feb 27,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ အစိုးရရုံးပိတ်ရက်များအတွင်း ဘုရားဖူးဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိ
Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ အစိုးရရုံးပိတ်ရက်များအတွင်း ဘုရားဖူးဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိပြီး တည်းခိုဆောင်များပြည့်သည်အထိ လာရောက်ကြကြောင်း သိရသည်။