မိုင်းယောင်း ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းအဆင့် G-5 နှင့် အလယ်တန်းအဆင့် G-9 နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ မတ် ၁ ရက်အထိ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျင်းပဖြေဆိုလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိသည်။
အခြေခံပညာမူလတန်းအဆင့် G-5 တွင် ကျောင်းသား၊ ကျောင်းသူ ၇၀၄ ဦးတို့က သိပ္ပံဘာသာရပ်ကိုလည်းကောင်း၊ အလယ်တန်းအဆင့် G-9 တွင် ကျောင်းသား၊ ကျောင်းသူ ၁၅၇ ဦးတို့က ပထဝီဘာသာရပ်ကိုလည်းကောင်း အသီးသီးဖြေဆိုခဲ့ကြရာ အဆိုပါ နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ချလက်ချ အေးချမ်းစွာ ဖြေဆိုနိုင်ရန် ခရိုင်ပညာရေးမှူး ဦးတင့်ဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း