နောင်ချို ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် Grade(5)နှင့် Grade(9) နှစ်ဆုံးစာမေးပွဲများအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတစ်ဝှမ်း ဖြေဆိုလျက်ရှိပြီး နောင်ချိုမြို့နယ် အနေဖြင့်လည်း စာစစ်ဌာနများခွဲ၍ ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် Grade(5) သိပ္ပံဘာသာရပ်နှင့် Grade(9) ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ နှစ်ဆုံးစာမေးပွဲအား နောင်ချိုမြို့နယ်ရှိ စာစစ်ဌာန(၂၈)ခု၌ Grade(9)နှင့် စာစစ်ဌာန(၃၀)ခု၌ Grade(5) ကျောင်းသား၊ ကျောင်းသူတို့ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယနေ့တွင် Grade(5) မူလတန်းအဆင့် သိပ္ပံဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၂၄၆၉)ဦး ဖြေဆိုခဲ့ပြီး (၂၁)ဦး ပျက်ကွက်ခဲ့ကြောင်းနှင့် Grade(9) အလယ်တန်းအဆင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၁၅၆)ဦး ဖြေဆိုခဲ့ပြီး(၁၁)ဦး ပျက်ကွက်ခဲ့ကြောင်း သိရသည်။
Grade(5)စာမေးပွဲသည် ခရိုင်စစ်ဖြစ်ပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ (၂၈) ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်း ဖြင့်လည်းကောင်း၊ Grade(9) စာမေးပွဲသည် ပြည်နယ်စစ်ဖြစ်ပြီး ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ မတ်လ(၁)ရက်နေ့ထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်လည်းကောင်း ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)