အိမ်မဲ ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်မှုများဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် တန်းပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူများအား ပညာဒါနအနေဖြင့် ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများက ပညာဒါနသင်ကြားပေးခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်မှ စတင်၍ သင်ကြားပေးလျက်ရှိသည်။
ထိုကဲ့သို့သင်ကြားပေးခြင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အထက(၂)၊ အထက တကူဆိပ်၊ အထက ကြို့ကုန်းကျောင်း တို့တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ၂၈ ရက်နေ့တွင် သင်္ချာ၊ ဓာတုဗေဒ၊ ပထဝီဝင်၊ မတ်လ ၁ ရက်နေ့တွင် ရူပဗေဒ/သမိုင်း၊ ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်များကို နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ သင်ကြားသွားမည်ဖြစ်သည်။
အိမ်မဲမြို့နယ်တွင် ယခင်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၉)ခု တွင်ကျောင်းသား/သူ (၁၂၄၄)ဦးဖြေဆိုပြီး ယခုနှစ်တွင် စာစစ်ဌာန (၈)ခုမှ စာရင်းရှိအတွင်းဖြေ (၄၃၀)ဦး အပြင်ဖြေ (၃၂၆)ဦး စုစုပေါင်း (၇၅၆)ဦးရှိကြောင်းနှင့် စနစ်ဟောင်းနောက်ဆုံးနှစ်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)