ရေဖြူ ဖေဖော်ဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (ခ)ရပ်ကွက်၊မြို့ကွက်သစ် လမ်းသွယ်အမှတ် (၃) (၄)တို့အား ကွန်ကရစ်ခင်းနေခြင်းကို ယနေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဝင်းရွှေနှင့်တာဝန်ရှိသူများက ကွန်ကရစ်ခင်းပြီးမှုအခြေအနေနှင့် ကျန်ရှိသည့်အပိုင်းအား လမ်းဘေးရေမြောင်းပုခုံးတင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်း လမ်းသွယ်(၃)တွင်အရှည် ၂၄၀ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆လက်မကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ် (၁၀.၀၇၀)သန်း ဖြင့်လည်းကောင်း၊ လမ်းသွယ်(၄)အား အရှည် ၃၇၅ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မအား ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၅.၇၁၀)ဖြင့်ဆောင်ရွက်ကြောင်း သိရသည်။
ခတ္တာ